ရွှေမြင်တင်တောင်တော်မြတ်သို့ရောက်ရှိလာကြသည်။ ထို့နောက် ဆန္ဒပြသူများသည်ရွှေမြင်တင်တောင်တော်မြတ်တွင်
တည်းခိုစခန်းချကြပြီး အချို့မှာ ၇ မိုင်ခန့်ဝေးသော ရမည်းသင်းမြို့၊ ထိုတောင်နှင့် နီးစပ်ရာရွာများသို့သွားရောက်အိမ်စက်ကြသည်။
ည 1 နာရီခန့်အချိန်တွင် ရဲကားများရောက်ရှိလာပြီး ဆန္ဒပြသူများကိုဝိုင်းထားကြပါသည်။
12.6.2012 နံနက်ပိုင်းအချိန်တွင် တောင်ခြေပတ်လည်တွင် ရဲတပ်ဖွဲ့များရောက်ရှိလာပြီး လမ်းများကိုပိတ်ဆို့ကာဝိုင်းထားလိုက်ကြသည်။
ထို့ကြောင့် အပြင်မြို့၊ရွာများသို့ထွက်အိပ်ကြသော ဆန္ဒပြသူများသည် အခြားဆန္ဒပြသူများရှိရာရွှေမြင်တင်တောင်တော်မြတ်သို့ ပြန်လည်
ဝင်ခွင့်မရသည့်အပြင် ထိုလမ်းကိုအသုံးပြုသွားလာနေကြသောဒေသခံပြည်သူများလည်း သွားလာရေးအတွက်ဒုက္ခရောက်ကြရပါသည်။
ရွှေမြင်တင်တောင်တော်မြတ်တွင် ဆန္ဒပြသူများသည် 12.6.2012 တွင်နေပြည်တော်သို့ချီတက်ဆန္ဒပြရန်ဖြစ်သော်လည်း ရဲတပ်ဖွဲ့ဝင်များ
ဝိုင်းရံပိတ်ဆို့တားဆီးမှုကြောင့် ချီတက်မှုပျက်သွားခဲ့ရပြီး ၄င်းတောင်တော်မြတ်တွင်ပင်ဆက်လက်ဆန္ဒပြတောင်းဆိုနေကြပါသည်။
တိုင်းရဲမင်းကြီး၊ တိုင်းသတ္ထုတွင်းဝန်ကြီးနှင့်ညွှန်ကြားရေးမှုးများရောက်ရှိကာ ဖြစ်စဉ်အားစောင့်ကြည့်နေခဲ့ကြပါသည်။ ရမည်းသင်းမြို့နယ်
NLD ပါတီမှ ထိုဖြစ်စဉ်အားသွားရောက်ကြည့်ရှုသုံးသပ်ကာ ဆန္ဒပြုမှုများကို ပြောဆိုဝေဖန်ခြင်း၊ ဘက်လိုက်ခြင်း၊ အားပေးခြင်းများမရှိပဲ
လူ့အခွင့်အရေးသက်သက်ဖြင့်သာ လူသားခြင်းစာနာထောက်ထားသောအားဖြင့် အစားအစာနှင့် သောက်ရေပြတ်လပ်နေသော
ဆန္ဒပြပြည်သူများကို သောက်ရေနှင့် ထမင်းရိက္ခာပို့ပေးနိုင်ရန်အတွက်ကြိုးစားတောင်းဆိုခဲ့ကြပါသည်။ ရမည်းသင်းမြို့နယ် NLD ပါတီမှ
တာဝန်ခံဦးမျိုးသိန်တစ်ဦးသာ ရဲများပိတ်ဆို့ထားသောအတွင်းစည်းသို့ ၀င်ခွင့်ညှိနှိုင်းခွင့်ရရှိခဲ့ပါသည်။ ပထမတစ်ခေါက်တွင်
တိုင်းရဲမင်းကြီးမှ ဆန္ဒပြသူများကို ထမင်းကြွေးရေတိုက်ကာအားပေးမည်လားဟုပြောကာ ထမင်းပို့ရေဘူးပို့ခွင့်ပိတ်ပင်ခဲ့ပြီး
ဒုတိယတစ်ခေါက်တွင်မှ ရေသန့်ဘူး 240 နှင့် ထမင်း 32 ထုပ်သွင်းခွင့်ရခဲ့ပါသည်။ နေ့လည် 12 နာရီအချိန်တွင်အခင်းဖြစ်နေရာသို့
မန္တလေးမစိုးရိမ်ကျောင်းဆရာတော် ဦးဝီရသူ ကြွရောက်လာပြီး ဆန္ဒပြသူများ၏လူ့အခွင့်အရေးအတွက် တာဝန်ရှိသူများကို အခင်းဖြစ်ပွားရာ
နေရာတွင် သတင်းသုံးနေထိုင်ပြီးတောင်းဆိုခဲ့ပါသည်။ နေ့လည်ပိုင်းမှ ညနေပိုင်းအထိ ဆန္ဒပြသူများနှင့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဘက်မှ
တာဝန်ရှိသူများစေ့စပ်ညှိုနှိုင်းဆွေးနွေးရာ အဆင်ပြေမှုများမရရှိသေးကြောင်းသိရှိရပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအဖွဲ့ဝင်များ၏တောင်းဆိုမှု၊ ဆရာတော်ဦးဝီရသူ၏တောင်းဆိုမှုများကြောင့် ညနေပိုင်းတွင်
ထမင်းနှင့်ရေဘူးများထပ်မံပို့ဆောင်ခွင့်ရရှိခဲ့ပါသည်။ နောက်ရက်အထိဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနိုင်ခြေရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment