Friday, November 9, 2012

လုံခြုံရေး အကြောင်းပြ၍ အင်တာနက်၊ ဖုန်းစသည့် ဆက်သွယ်မှု များကို ကြားဖြတ် ဖမ်းယူနိုင်

သိထားသင့်တယ်ထင်လို့ www.thithtoolwin.com ကတဆင့် Share ပေးလိုက်တာပါ....။
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက်

တိုင်းပြည် လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေး (သို့) ရပ်ရွာ အေးချမ်း သာယာရေး ကို ထိခိုက် စေနိုင်သော သတင်း အချက်အလက် နှင့် ဆက်သွယ်ရေး စနစ်များ ကို အစိုးရ က ကြားဖြတ် ဖမ်းယူခြင်း နှင့် ဝင်ရောက် စစ်ဆေး ကြည့်ရှု နိုင်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြ ထားသော ဆက်သွယ်ရေး ဥပဒေကြမ်း တွင် ပါရှိသည်။

ထို့အပြင် လျှို့ဝှက်၊ ညစ်ညမ်း သတင်းများ ဖြန့်ချိလျှင် အရေး ယူမည်ဟု ဖော်ပြ ထားပြီး မည်သူမဆို ညစ်ညမ်းသော သတင်း အချက်အလက် များကို ပေးပို့ခြင်း (သို့) ဖြန့်ချိခြင်း (သို့) ပါဝင် ဆောင်ရွက်ခြင်း၊ သိုမှီး ထိန်းသိမ်း ထားသည့် သတင်း အချက်အလက် များ တစ်ရပ်ရပ် ကို ဖြစ်စေ၊ လျှို့ဝှက်ချက် နှင့် သက်ဆိုင်သော သတင်း အချက် အလက် တစ်ရပ်ရပ် ကို ဖြစ်စေ ပိုင်ရှင်၏ ခွင့်ပြုချက် (သို့) သဘော တူညီချက် မရှိဘဲ ဝင်ရောက် ကြည့်ရှုခြင်း၊ ရယူခြင်း၊ ကူးယူခြင်း၊ ထုတ်နုတ်ခြင်း၊ ပျောက်ဆုံး စေခြင်း (သို့) ပေးပို့ ဖြန့်ချိခြင်း၊ မူပိုင်ခွင့် ပိုင်ရှင် ၏ ခွင့်ပြုချက် မရှိဘဲ စာပေ အနုပညာ လက်ရာ ကို ဖြစ်စေ၊ မူပိုင်ခွင့် နှင့် ဆက်နွယ်သည့် အခွင့်အရေး တစ်ရပ်ရပ် ကို ဖြစ်စေ စီးပွားရေး အလို့ငှာ မူပွားခြင်း၊ အရုပ်နှင့် အသံ တို့ကို ပေါင်းစပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ ထုတ်လွှင့်ခြင်း နှင့် ပြည်တွင်း (သို့) တင်သွင်းခြင်း တို့ကို သိလျက်နှင့် တမင်တကာ ကျူးလွန်ခြင်း တို့ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် သုံးနှစ် ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ကျခံ ရမည် ဟု ယင်း ဥပဒေကြမ်း တွင် ဆက်လက် ဖော်ပြသည်။

"လုံခြုံရေး အခြေအနေ အရ ဆိုတာ ကိုတော့ အတိုင်းအတာ တစ်ခု လောက် လက်ခံ ပါတယ်၊ အကြောင်း ရှိတိုင်း လုံခြုံရေး ကို အကြောင်းပြ နေရင် ဘယ်လို လုပ်မလဲ၊ ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံ ဆိုရင် လူ တစ်ဦးချင်း လွပ်လပ်ခွင့် ဆိုတာကို ထည့်သွင်း စဉ်းစား ရပါမယ်" ဟု IT လုပ်ငန်း လုပ်ကိုင် နေသူ ဦးဖြိုးဝေမြင့် က ပြောကြားသည်။

ပြည်သူ့ အကျိုး ဆောင်ရွက်ရန် အခြေအနေ ပေါ်ပေါက်သည့် အခါတိုင်း အစိုးရ အဖွဲ့ သဘော တူညီ ချက် ဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း များအား ယာယီ ရပ်ဆိုင်းရေး၊ ဆက်သွယ်မှု အမျိုးအစား တစ်ရပ်ရပ် ကို မပြုလုပ်ရေး၊ တားဆီး ထိန်းသိမ်း ထားရှိရေး၊ ကြားဖြတ် ဖမ်းယူရေး၊ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ နှင့် ဆက်သွယ်ရေး ပစ္စည်း များကို ယာယီ ထိန်းသိမ်း သုံးစွဲရေး တို့ကို လုပ်ငန်း လိုင်စင် ရှိသူက ခွင့်ပြု ပေးရမည် ဟု ဖော်ပြ ပါရှိသည်။

ယခု ဆက်သွယ်ရေး ဥပဒေကြမ်း တွင် ယခင်က အသုံး ပြုခဲ့သော ဆက်သွယ်ရေး ဥပဒေများ ဖြစ်သည့် ၁၈၈၅ မြန်မာ့ ကြေးနန်း အက်ဥပဒေ The Myanmar Telegraph (1885) နှင့် ၁၉၃၄ မြန်မာ့ ကြိုးမဲ့ကြေးနန်း အက်ဥပဒေ The Myanmar Wireless Telegraphy (1934) တို့ကို ဖျက်သိမ်း တော့မည် ဖြစ်ကြောင်း လည်း ဖော်ပြ ပါရှိသည်။
ref:http://www.thithtoolwin.com

Thursday, October 25, 2012

မိမိချစ်သူဘာလုပ်နေတယ်ဆိုတာ satellite ကနေ ကြည့်နိုင်ပြီ



ဒီနေ့ ခေတ်အား IT ခေတ်ဆိုတဲ့ အတိုင်း အရမ်းတိုးတက်တာ အံ့သြသင့်စရာပါပဲ .....
 

အခုပဲ satellite ကနေ မိမိချစ်သူဘာလုပ်နေတယ်ဆိုတာ အလွယ်တကူကြည့်လို့ ရပါတယ် ..
 

ဘာမှမလိုအပ်ပါဘူး .. မိမိချစ်သူရဲ့ GSM ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးယုံပါပဲ ..
 

satellite ကနေ GSM Network နဲ့ ချိတ်ဆက်ပြီး ရှာဖွေပေးတာပါ ..
 

ကော်နက်ရှင် အရမ်းကောင်းစရာလဲ မလိုပါဘူး .. ကျနော်တော့မစမ်းရသေးပါဘူး ....
 

မြန်မာမိသားစုဝင်အချင်းချင်း လက်တို့ ပေးလိုက်ပြီးနော် .. အောက်ကလင့်ကို ပြေးပေတော့ ..
 

လုပ်နည်းကတော့ Countery ကိုရွေး ၊ ပြီးရင် မိမိချစ်သူ ဖုန်းနံပါတ်ကိုထည့် ဒါဆိုရပါပြီး ..

http://www.themobiletracker.com/english/index.htmlကြည့်လိုက်နော်မြန် မာ နိုင်ငံကုတ်က အရှေ့ 

Box လေး
 

မှာ 951 ထည့် ရုံပါ ပဲ ။

Sunday, October 14, 2012

ရမည်းသင်းမြို့ အရံမီးသတ်တပ်ဖွဲ့ ဝင် မွတ်ဆလင်များမှဗုဒ္ဓဘာသာဝင် နှစ်ဦးအား ဓါးများဖြင့် ထိုးခုတ်သတ်ဖြတ်

၁၃-၁၀-၂၀၁၂ ည ၁၀ နာရီခန့် တွင် ရမည်းသင်းမြို့ ဝါတိုးလယ်ရပ်နေ ဦးခင်မောင်အေး အသက်(၄၅)နှစ် နှင့် ဦးညိုစိမ့် အသက်(၃၄)နှစ်တို့ သည် အလုပ်ကိစ္စဖြင့် သိမ်ကုန်းကျေးရွာသို့ စည်ပင်သာယာလမ်း အတိုင်း ဆိုင်ကယ်ဖြင့် သွားရာ လုံခြုံရေး တာဝန်ကျ အရံမီးသတ် တပ်ဖွဲ့ ဝင် မွတ်စလင်များမှ စစ်ဆေးရန် အကြောင်းပြတားဆီးခဲ့ ကြောင်းသိရပါတယ်။

အဲဒီအချိန်မှာ ရမည်းသင်းမြို့ ပျဉ်တပ်ရပ်ကွက် နှင့် ဗမာ မွတ်စလင် ရပ်ကွက် ( ခ ) ( ဗ.မ.က )ရပ်ကွက် မှ မွတ်စလင်များ အဓိကရုဏ်း ဖြစ်ပွါးမှုကြောင့် အခြေအနေ တင်းမာ နေချိန်လည်း ဖြစ်ပွါး နေချိန် လည်း ဖြစ်ပါတယ်။

အဆိုပါ အရံမီးသတ်မှ မွတ်စလင်များ တားဆီးထားတဲ့ ဆိုင်ကယ်ကို အမှောင်တွင်းပုံးနေကြသော အပေါင်းပါမွတ်စလင်များမှ ဝိုင်းဝန်းထွက်ရိုက်ကြပြီး ဓါးများဖြင့် ထိုးခုတ်သတ်ကြသဖြင့် ဦးခင်မောင်အေး နှင့် ဦးညိုစိမ့် တို့ က အော်ဟစ်အကူညီ တောင်းရာ ပတ်ဝန်ကျင်ရှိ ဗမာများ   မှ အချိန်မှီသွားရောက် ကူညီခဲ့သဖြင့် အသက်ဘေးမှ လွတ်ခဲ့ပေမယ့် ရမည်းသင်း ဆေးရုံတွင် အရေးပေါ်လူနာများအဖြစ် ကုသလျှက်ရှိကြောင်း မျက်မြင်သက်သေတဦးက Myanmar News Now ကိုပြောပါတယ်။

ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ ၁၂နာရီမှာ မွတ်စလင်များ လက်ချက်ကြောင့် ဆေးရုံ တင်ထားရသော လူနာဦးညိုစိမ့်နှင့် ဦးခင်မောင်အေးတို့ အား ခရိုင်ရဲမှုးနှင့် အရာရှိ များက ဆေးရုံသို့ လာရောက် အားပေးပြီး လိုအပ်သည်များကို ကူညီပေးမည် ဖြစ်ကြောင်းနှင့် အခင်းဖြစ်ရာတွင် ပါဝင်ကြသူများကို ဖမ်းစီးထားပြီး ထိရောက်စွာ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဟု ပြောကြားသွားပါတယ်။

ထိုလူနာများအားမြို့နယ် တာဝန်ရှိသူများမှ တစ်ဦးလျှင် ငါးသောင်းကျပ်စီ လာရောက်ကူညီ သွားကြောင်းလည်းသိရပါတယ်။  

ရမည်းသင်း မြို့ နယ် ရဲတပ်ဖွဲ့ အသိုင်းဝိုင်းမှ ပြောပြချက်အရ ဒီညမှာ အရင်ညများထက် လုံခြုံရေး အင်အားနှစ်ဆ တိုးပြီးချထားမည်ဟု သိရပါတယ်။

ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ ၁၂နာရီမှာ မွတ်စလင်များ လက်ချက်ကြောင့် ဆေးရုံ တင်ထားရသော လူနာဦးညိုစိမ့်နှင့် ဦးခင်မောင်အေးတို့ အား ခရိုင်ရဲမှုးနှင့် အရာရှိ များက ဆေးရုံသို့ လာရောက် အားပေးပြီး လိုအပ်သည်များကို ကူညီပေးမည် ဖြစ်ကြောင်းနှင့် အခင်းဖြစ်ရာတွင် ပါဝင်ကြသူများကို ဖမ်းစီးထားပြီး ထိရောက်စွာ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဟု ပြောကြားသွားပါတယ်။

ထိုလူနာများအားမြို့နယ် တာဝန်ရှိသူများမှ တစ်ဦးလျှင် ငါးသောင်းကျပ်စီ လာရောက်ကူညီ သွားကြောင်းလည်းသိရပါတယ်။  

ရမည်းသင်း မြို့ နယ် ရဲတပ်ဖွဲ့ အသိုင်းဝိုင်းမှ ပြောပြချက်အရ ဒီညမှာ အရင်ညများထက် လုံခြုံရေး အင်အားနှစ်ဆ တိုးပြီးချထားမည်ဟု သိရပါတယ်။

Wednesday, June 13, 2012

13.6.2012 နေ့ ၊ ရမည်းသင်းမြိှု့နယ်ရွှေတောလုပ်သားများဆန္ဒပြမှုအခြေအနေ

ရမည်းသင်းမြို့ အရှေ့ဘက် (၇)မိုင်ခန့်အကွာ ရွှေမြင်တင်တောင်တော်မြတ်တွင်ဖြစ်ပွားနေသော ဆန္ဒပြမှုနှင့်ပါတ်သက်၍ နောက်ဆုံးအခြေနေမှာ
13.6.2012 နေ့ ဖြစ်ပွားမှုတွင် အခြေအနေပိုမိုတင်းမာလျှက်ရှြိေ
ကာင်းသိရပါသည်။ ရဲတပ်ဖွဲ့လုံခြုံရေးလည်းပိုမိုချထားသည်။ ထို့ပြင်အစားအစာနှင့်
ရေပို့ဆောင်ရာတွင်လည်းအခက်အခဲများပိုမိုကြုံတွေ့လာရသည်။ ရဲတပ်ဖွဲ့မှ အဆင့်အဆင့်အကြောင်းကြားခြင်းဖြင့် အချိန်ပိုမိုကုန်အောင်လုပ်ထားကြ သည်။ ညှိနှိုင်းမှုမှာလည်း အမျိုးသားကြီးပွားတိုးတက်ရေးဘက်မှ ဥက္ကဌဖြစ်သူရောက်ရှိလာသော်လည်း ပိုမိုတိုးတက်လာခြင်းမရှိသေးပါ။ အခင်းဖြစ်ပွားစဉ်ကာလကတည်းက ယခုအချိန်ထိ ဆန္ဒပြသူများနှင့် ပြင်ပမှ သတင်းမီဒီယာများ၊ လူ့အခွင့်အရေးလိုလားသူများ ထိတွေ့ခွင့်မရရှိသေးကြောင်း သိရပါသည်။ ထို့ပြင် လမ်းပိတ်ဆို့တားဆီးထားသည့်အတွက် ဒေသခံရွာ 20 ကျော်ဆက်သွယ်ရေးပိတ်ဆို့မှုဖြစ်ပွားကာ သွားရေးလာရေးခက်ခဲမှုများဖြစ်ပွားနေပါသည်။ တောင်သူလုပ်ငန်းသွားရောက်လုပ်ကိုင်ကြသူများ၊ အခြားရွာ၊ မြို့သို့သွားရောက်အလုပ်လုပ်သူများ၊ ဈေးသွားဈေးလာပြည်သူများ၊ ရမည်းသင်းမြို့နယ်အရှေ့ဘက်တောင်တန်းသို့ထင်းရှာဖွေရောင်းချသူများ အားလုံးသည် လမ်းပိတ်ဆို့တားဆီးထားသည့်အတွက် အခက်အခဲများကြုံတွေ့နေရပါသည်။ ဖြစ်ပွားသောပြသနာမှ နှစ်ဖက်ဖြစ်ပွားခြင်းဖြစ်ကာ
အမျိုးသားကြီးပွားတိုးတက်ရေးဘက်မှ ပုဂ္ဂိုလ်များသည် ရမည်းသင်းမြို့ပေါ်ရှိ အကောင်းဆုံးတည်းခိုခန်းများတွင် တည်းခိုကာ စားသောက်ဆိုင်များတွင်စားသောက်လျှက်ရှိကာ ကျန်အတိုက်အခံဘက်မှ ဆန္ဒပြသူအလုပ်သမားများသည် စေတနာရှင်ပြည်သူများ ကျွေးသောထမင်းနှင့်ရေများကို လုံလောက်စွာစားသုံးခွင့်မရသေးပါ။ 12.6.2012 ည 1 နာရီအချိန်တွင် စေတနာဖြင့်ထမင်း၊ ရေများသယ်ဆောင်ကူညီသောကားမှ ကားစပယ်ယာဖြစ်သူအား လက်ထိပ်နောက်ပြန်ခတ်ကာ (၁)နာရီခန့်ဖမ်းဆီး ထားပြီး၊ နောက်ကြောအားနှစ်ချက်ရိုက်ကာ မှတ်ပုံတင်အားသိမ်းယူခဲ့ပါသည်။ ယာဉ်မောင်းထံမှ ကားမောင်းလိုင်စင်အားလည်း သိမ်းယူသွားပါသည်။
ဝတ္တရားနှောက်ယှက်မှုဖြင့်ဖမ်းဆီးနိုင်သည်ဟုလည်းခြိမ်းခြောက်ခဲ့ပါသည်။ ယခုအချိန်ထိမှတ်ပုံတင်နှင့်လိုင်စင်ပြန်လည်မရကြောင်သိရပါသည်။
13.6.2012 နေ့လည်ပိုင်း 2 နာရီခန့်တွင် ထမင်းထုပ် 250 ခန့်သာ ဆန္ဒပြသူများထံသို့ သွင်းခွင့်ရခဲ့သော်လည်း နောက်ထပ်ပို့ရန်ကျန်နေသေးသော ထမင်း၊နှင့်ရေများ သွင်းခွင့်မရရှိသေးပါ။ ယခုအချိန် ညနေ (5း 30) ခန့်အထိ အစာနှင့်ရေသွင်းခွင့်ရရန်စောင့်ဆိုင်းနေကြပါသည်။ ဖြစ်စဉ်အရ အာဏာပိုင်နှင့်အမျိုးသားတိုးတက်ကြီးပွားရေးကတစ်ဘက်နှင့် ဆန္ဒပြသူများကတစ်ဘက်ဆိုသကဲ့သို့ဖြစ်နေပါသည်။ လူ့အခွင့်အရေးလိုလားသူများနှင့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရမည်းသင်းမြို့နယ်မှလည်း ဆန္ဒပြသူများ၏ အစားအစာနှင့်ရေပြည့်ဝစွာစားသုံးနိုင်ရေးအတွက် အဖက်ဖက်မှကြိုးစားနေကြပါသည်။ နေ့ ၁ နာရီခန့်တွင် မန္တလေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးကိုကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လာရောက်ပူးပေါင်းလုပ်ဆောင်ကြပါသည်။
ညနေ (၃း၀၀) နာရီခန့်တွင် အစာနှင့်ရေ သွင်းခွင့် လုံးဝရုပ်သိမ်းလိုက်ကြောင်းသိရှိရပါသည်။ ဆန္ဒပြသူများအား ရဲတပ်ဖွဲ့ဝင်များဝိုင်းရံထားခြင်းကြောင့် အညစ်အကြေးစွန့်ခြင်း၊ ရေချိုးခြင်းများ ပြုလုပ်နိုင်ရန်အခက်အခဲရှိသောကြောင့် ကျန်းမာရေးအတွက် စိုးရိမ်ရသောအခြေအနေ ဖြစ်ပါသည်။ နောက်ဆုံးအခြေအနေအရ အခြေအနေမှ အဆိုးဝါးဆုံး တင်းမာလျှက်ရှိကြောင်းနှင့် ဆန္ဒပြသူများ ဆိုးဝါးစွာလူ့အခွင့်အရေးချိုးဖောက်ခံနေရကြောင်းသိရှိရပါသည်။